Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တန့်ယန်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းမှ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေး

20 March 24

ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို နားငွေးကျေးရွာ၌ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါမြစိမ်းရောင်စီမံကိန်းလုပ်ငန်းမှ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေနွယ်ထွန်းနှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက နားငွေး ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀ဦးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂ဦး စုစုပေါင်း၂၂ဦးအတွက် ငွေကျပ်သန်း ၃၁.၇၀အား ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။