Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဘုတ်ပြင်းမြို့နယ်၌ ဆိုလာအသေးစား ဓာတ်အားပေးစနစ်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

26 March 24

       ဘုတ်ပြင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကံမော်ကြီးကျေးရွာနှင့် ရေငံကျေးရွာ နှစ်ရွာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၂ဖြင့် ဆိုလာ အသေးစားဓာတ်အားပေးစနစ် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါကျေးရွာနှစ်ရွာမှ မီးလင်းရေးကော်မတီဝင်များနှင့် စီမံကိန်းစိတ်ပါဝင်စားသည့် ကျေးရွာသူ၊ ကျေးရွာသားများအတွက် ဆိုလာအသေးစားဓာတ်အားပေးစနစ်များနှင့် စပ်လျဉ်း၍ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ စွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်းဖွင့်ပွဲကို  ယမန်နေ့က ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။