Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လပွတ္တာမြို့နယ်၊ ကန့်ဘလာကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာကွန်ကရစ်ဘီးလမ်းဖွင့်ပွဲကျင်းပပြုလုပ်

26 March 24


လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင်ကျေးရွာအုပ်စု၊ ကန့်ဘလာကျေးရွာတွင် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာကွန်ကရစ်ဘီးလမ်း( ၉၂၅’x၃’x၆” )လမ်းအား နိုင်ငံတော်မှ ထောက်ပံ့ငွေ( ၁၅ )သန်း၊ ပြည်သူထည့်ဝင်ငွေ( ၃ )သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ပြီ ကွန်ကရစ်ဘီးလမ်းသစ် ဖွင့်ပွဲအခမ်းအနားအား( ၁၁.၃.၂၀၂၄ )ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သား( ၁၁၀ )တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး မှ အဖွင့်အမှာ စကားပြောကြားပြီး လပွတ္တာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်နိုင်မိုးမှ စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျေးရွာသား( ၁ )ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး အခန်းအနားအား တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။