Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကွမ်းခြံကုန်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာများမှ အရင်းအတိုး အကြေပြန်လည်ပေးဆပ်

28 March 24

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံ ကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်​ ကျေးရွာ(၂၄)ရွာအနက် ၁-၃-၂၀၂၄လ၌ အရင်း၊အတိုးပြန်လည်ပေးဆပ်ရမည့် ကျေးရွာ(၆)ရွာဖြစ်သည့် တောကျောင်းကျေးရွာအုပ်စု၊ ကော့ခနိမ်ကျေးရွာ၌ အိမ်ခြေ(၅၇)၊ လူဦးရေ(၂၅၀)အနက် ထုတ်ချေးသူဦးရေ(၅၆)ဦး၊ အရင်း အတိုးအကြေပေးသွင်းရမည့် ၄၂၈၄၀၀၀၀၊ သပြုစမ်းကျေးရွာအုပ်စု၊ သပြုစမ်းကျေးရွာ၌ အိမ်ခြေ(၃၀၇)၊ လူဦးရေ(၁၀၇၈)အနက် ထုတ်ချေးသူဦးရေ(၂၆၅)ဦး၊ အရင်းအတိုးအကြေပေး သွင်းရသည့်ငွေ ၅၄၀၆၀၀၀၀၊မန်းကလိပ်ကျေးရွာအုပ်စု၊ မန်းကလိပ်ကျေးရွာ၌ အိမ်ခြေ(၃၄၂)၊ လူဦးရေ(၁၄၁၁)အနက်၊ ထုတ်ချေးသူဦးရေ(၃၁၇)ဦး၊ အရင်းအတိုးအကြေပေးသွင်းရမည့်ငွေ ၄၉၄၇၀၀၀၀၊ ဆူးကလပ်ကျေးရွာအုပ်စု၊ ဆူးကလပ်ကျေးရွာ၌ အိမ်ခြေ(၂၀၉)၊ လူဦးရေ(၈၅၂) အနက် ၊ ထုတ်ချေးသူဦး(၁၆၄)ဦး၊ အရင်းအတိုးအကြေပေးသွင်းရမည့်ငွေ ၃၉၄၂၃၀၀၀၊ သဲကုန်းတန်းကျေးရွာအုပ်စု၊ သဲကုန်းတန်းကျေးရွာ၌ အိမ်ခြေ(၁၀၇)၊ လူဦးရေ(၄၁၈)အနက်၊ အကြေပေးသွင်းရမည့်ငွေ ၃၉၄၂၃၀၀၀၊ ထီဖာကျေးရွာအုပ်စု၊ မာလကာကုန်းကျေးရွာ၌ အိမ်ခြေ(၁၁၂)၊ လူဦးရေ(၄၅၁)အနက်၊ ထုတ်ချေးသူဦးရေ(၁၀၃)ဦး၊ အရင်းအတိုးပေးသွင်းရ မည့်ငွေ ၄၀၁၈၈၀၀၀ တို့အား ကွမ်းခြံကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်စုသီတာလင်းနှင့် တာဝန်ရှိ သူများ၏ ကြီးကြပ်မှုဖြင့် ၂၆-၃-၂၀၂၄ ရက်နေ့၌ မြန်မာစီးပွားရေဘဏ်ရှိ သက်ဆိုင်ရာ ကျေးရွာဘဏ်စာရင်းအမှတ်များသို့ အကြေ ပေးသွင်းပြီးဖြစ်ပါကြောင်း သိရသည်။