Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မော်လမြိုင်ကျွန်းမြို့နယ် ဝါးနက်‌ချောင်းကျေးရွာတွင် ကွန်ကရစ်​ချောင်းကူးတံတားတည်ဆောက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

28 March 24

မော်လမြိုင်ကျွန်း                                            မတ်လ ၂၀
         ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊​‌ေမာ်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေဖြင့် ဝါးနက်ချောင်းကျေးရွာအုပ်စု၊ ဝါးနက်ချောင်းကျေးရွာ၌  အကောင်အထည်ဖော်ဆောင်ရွက်‌သည့် ကကျေးရွာတွင်းကွန်ကရစ်ချောင်းကူးတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်​ပြီးစီးမှု အခြေအနေအား မတ်လ ၁၉ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်​  မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်၊မြို့နယ်စီမံကိန်းတာဝန်ခံဝန်ထမ်းများက ဝါးနက်ချောင်းကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင်များနှင့်အတူ  ကွန်ကရစ်​‌ေချာင်းကူးတံတားတည်‌ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား တိုင်းတာစစ်ဆေးခဲ့ကြပြီးနောက် မြို့နယ်ဦးစီးမှူး ဦးကျော်‌ကျော်နိုင်မှ ကျေးရွာကော်မတီဝင်များအား ကွန်ကရစ်တံတားသစ်အား အကျိုးရှိစွာတန်ဖိုးထားအသုံးပြုကြရန်နှင့်  ရေရှည်အသုံးပြုနိုင်ရန်ပြုပြင်ထိန်းသိမ်းရမည့် နည်းလမ်းများအား အကြံပြုပြောကြားခဲ့သည်။
         ဝါးနက်ချောင်းကျေးရွာ ကွန်ကရစ်​‌ေချာင်းကူးတံတားတည်ဆောက်ခြင်းလုပ်ငန်းသည် အရှည်ပေ ၇၅ပေအကျယ်‌ပေ ၈ပေ အမြင့် ၂၁ပေ ဖြစ်ပြီး  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေကျပ်(၁၅.၀)သန်း၊ပြည်သူထည့်ဝင်‌ ငွေကျပ်(၁၈.၄)သန်း၊စုစု‌ ပေါင်းကျပ် (၃၃.၄)သန်းဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၈ရက်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားဖြစ်သဖြင့်  ကျေးရွာရှိ အိမ်ထောင်စု ၁၇၉ စု၊ လူဦးရေ ၆၈၉ဦးတို့အပြင် တံခွန်တိုင်ကြီး၊တံခွန်တိုင်လေး၊ငှက်တော်၊ဘုရားချောင်း၊ကျွဲတလင်းကျေးရွာ (၅)ရွာမှ ကျေးရွာပြည်သူများသည် အဆိုပါကွန်ကရစ်‌ချောင်းကူးတံတားအားရာသီမ‌ရွေးအသုံးပြုနိုင်သည့်အတွက် ကျေးရွာ၏  ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးလာမည်ဖြစ်ကြောင်း​မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။