Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ရွာသာလှကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့်ဆောင်ရွက်သည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြည့်ရှု

29 March 24

 ၂၀၂၄ ခုနှစ် မတ် (၂၄)ရက်

          ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကို လျှော့ချနိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန် တကယ်လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်မြင့်တက်လာစေရန်နှင့် မမျှော်မှန်း နိုင်သော ဘေးအန္တရာယ်များကျရောက်လာပါက တုန့်ပြန်နိုင်မှုအားကောင်းသော လူထုအဖွဲ့ အစည်းများပေါ်ပေါက်လာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်တွင် ကျေးရွာပေါင်း(၁၂၄၃)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ စီမံကိန်း ရန်ပုံငွေ အတိုးရငွေ ၅၀%ဖြင့်  ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သည့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ရွာသာလှကျေးရွာ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းအား ၂၄.၃.၂၀၂၄ရက်နေ့တွင်တိုင်းဒေသကြီးဦးစီးမှူးနှင့် ဌာနဝန်ထမ်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။