Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

၇၉)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

01 April 24

(၇၉)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကိုမတ်လ(၂၆)ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပတ်တန်းကျေးရွာတွင် ကျင်းပခဲ့ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဉက္ကဌ ဦးစောမာနိုး၊ ကျေးရွာမြစိမ်းရောင်ကော်မတီဉက္ကဌ ဦးတင်ထွန်းအောင်တို့ကကွန်ကရစ်လမ်းသစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကွန်ကရစ်လမ်းသစ်ကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ဆွေဆွေမြင့်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများကလှည့်လည်ကြည့်ရှုခဲ့ကြပြီး၊ ကွန်ကရစ်လမ်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ် သိန်း(၁၅၀)၊ မြစိမ်းရောင်စီမံကိန်းအတိုးရငွေကျပ်(၆၄)သိန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ်(၁၀)သိန်းဖြင့် လမ်းအရှည်(၁၀၈၅)ပေ၊ အကျယ်ရှစ်ပေ၊ ဒုခြောက်လက်မကိုဆောင်ရွက်နိုင်ခဲ့သည်။