Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိတ္ထီလာမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

04 April 24

မိတ္ထီလာမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

မိတ္ထီလာ  ဧပြီ ၄ ရက်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ သုံးသပ်ဆွေးနွေးပွဲကို ဧပြီ ၃ ရက်နေ့ နံနက်ပိုင်းက ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 

ရှေးဦးစွာ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။
 
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများဖွင့်လှစ်ဆောင်ရွက်ခဲ့သည့်အပေါ် ရေရှည်အောင်မြင်စေရန် ပြန်လည်ခြုံငုံသုံးသပ်သွားရန်နှင့် သုံးသပ်ချက်များတွင် အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များအား ဝိုင်းဝန်းဆွေးနွေးပေးကြရန် ရှင်းလင်းပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာကော်မတီဝင်များက အုပ်စုများဖွဲ့၍ ဆွေးနွေးအကြံပြုတင်ပြကြရာ မြို့နယ်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်မြို့နယ်စီမံကိန်းတာဝန်ခံဝန်ထမ်းများက ဆွေးနွေးအကြံပြုတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ မိတ္ထီလာမြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ယူနစ်(၄၅)ယူနစ်မှ စီမံကိန်းအား အောင်မြင်အောင် တက်တက်ကြွကြွအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အကောင်းဆုံးကျေးရွာယူနစ်(၃)ယူနစ်အား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်သည်။
 

အခမ်းအနားသို့ မြို့နယ်မြစိမ်းရောင်ကျေးရွာစီမံကိန်းအဖွဲ့ဝင်များ၊ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ စုစုပေါင်း ၅၂ ဦး တက်ရောက်ကြကြောင်း သိရသည်။