Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းနှင့် စပ်လျဉ်း၍ စစ်တမ်းကောက်ယူနိုင်ရေးသင်တန်းဖွင့်ပွဲကျင်းပ

05 April 24

 နေပြည်တော် ဧပြီ ၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းနှင့် စပ်လျဉ်း၍ စစ်တမ်းကောက်ယူနိုင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၀၉:၃၀)နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က သင်တန်းအဖွင့်အမှာစကားပြောကြားသည်။ အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းနှင့် စပ်လျဉ်း၍ စစ်တမ်းကောက်ယူနိုင်ရေးသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်နှင့်တိုင်ဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ(၆၂)ဦးတက်ရောက်ကြကြောင်းသိရသည်။