Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်ဖောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ၏ သက်ဆိုင်သူများပါဝင်သော မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲနှင့် လုပ်ငန်းများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြီးစီး

05 April 24

ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)လုပ်ငန်းများနှင့် စိုက်ပျိုးရေရရှိရေး ဆိုလာရေတင်စနစ်လုပ်ငန်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၊အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းနှင့် ဆိုလာရေတင်စနစ်လုပ်ငန်းများ၏ သက်ဆိုင်သူများပါဝင်သော မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား အား ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် (၀၄.၀၄.၂၀၂၄)ရက်‌ နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျုံပျော်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူးနေဝင်းနောင်၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးတင်မောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ကျေးလက်ဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာစီမံကိန်းကျေးရွာကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။