Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်ဖောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ၏ သက်ဆိုင်သူများပါဝင်သော မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲနှင့် လုပ်ငန်းများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြီးစီး

05 April 24

ရေကြည်                                              ဧပြီ ၅

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်​၊ ရေကြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ စိမ်းလဲ့ရေကြည်ခန်းမ၌ ရေကြည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)စီမံကိန်း၊‌ေကျးရွာမတည်ရန်ပုံ‌ငွေစီမံကိန်း၊အသက် မွေးဝမ်းကျောင်းသင်တန်းနှင့် ဆိုလာရေတင်စနစ်လုပ်ငန်းများအား သက်ဆိုင်သူများပါဝင်သည့် မြို့နယ် အဆင့် သုံးသပ်ဆွေးနွေးပွဲကို ဧပြီလ ၄ ရက်နေ့ နံနက် ၁၀နာရီက​ ရေကြည်မြို့နယ် အ​ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

         အခမ်းအနားတွင် ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးသန်းချစ်အေးမှ အမှာစကား ပြောကြားခဲ့ပြီး  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်း‌ဆွေမှ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲဆောင်ရွက်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

          ထို့နောက် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်  ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကျေးရွာ (၁၂)ရွာမှ ကျေးရွာကော်မတီများအား လည်းကောင်း၊ ကျေးလက်ရေရရှိရေးလုပ်ငန်းများဆောင်ရွက်သည့် ကျေးရွာ(၈)ရွာမှ ကျေးရွာကော်မတီများအား လည်းကောင်း၊ ဆိုလာရေတင်စနစ်လုပ်ငန်းဆောင်ရွက်သည့် ကျေးရွာ(၁၀)တို့ရွာအား တာဝန်ရှိသူများက အသီးသီးလုပ်ငန်းများလွှဲပြောင်းပေးအပ်ခဲ့ကြသည်။

           ဆက်လက်ပြီး  မြစိမ်းရောင်ကျေးရွာစီမံကိန်းရွာများမှ ကျေးရွာကော်မတီဝင်များ၊ ‌ကျေးရွာ မတည်ရန်ပုံ‌ငွေစီမံကိန်းရွာများမှ ကျေးရွာကော်မတီဝင်များ၊ ကျေးလက်ရေရရှိရေးနှင့် ဆိုလာရေတင်စနစ် လုပ်ငန်းများဆောင်ရွက်သည့် ကျေးရွာများမှ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကျေးရွာမှ  ကျေးရွာကော်မတီဝင်များက စီမံကိန်းလုပ်ငန်းစဉ်များ၏ အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များအား ခေါင်းစဉ်အလိုက် ဆွေးနွေးသုံးသပ်ချက်များအပေါ်  မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်း‌ဆွေမှ လိုအပ်သည်များ ဖြည့်စွက်​ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။