Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့နယ်နန့်လှိုင်ကျေးရွာ၌စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာ‌ကော်မတီဝင်များနှင့်ကျေးရွာနေပြည်သူများအားတာဝန်ရှိသူများကသွားရောက်တွေ့ဆုံ (၁၅.၃.၂၀၂၄)ရက်နေ့မြဝတီရုပ်မြင်သံကြားသတင်း၊

15 March 24

မိုးညှင်းမြို့နယ်နန့်လှိုင်ကျေးရွာ၌စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာ‌ကော်မတီဝင်များနှင့်ကျေးရွာနေပြည်သူများအားတာဝန်ရှိသူများကသွားရောက်တွေ့ဆုံ

 (၁၅.၃.၂၀၂၄)ရက်နေ့မြဝတီရုပ်မြင်သံကြားသတင်း၊ 

မိုးညှင်း၊မတ် ၁၄

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နန့်လှိုင် ကျေးရွာတွင် စီမံကိန်းလုပ်ငန်းများ အလျင်အမြန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် ကျေးရွာ ‌ကော်မတီဝင်များနှင့်ကျေးရွာနေပြည်သူများကို မတ်လ ၁၄ရက် နံနက်ပိုင်းကတာဝန်ရှိသူများ ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာသွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာမှာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူးဦးထွန်း ထွန်းဝင်းက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ရေးလုပ်ငန်းစီမံကိန်း (RBF)ဖြင့်အကောင်  အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာနေပြည်သူများကို မွေးမြူရေး နှင့်စိုက်ပျိုးရေးကဏ္ဍလုပ်ငန်းများဆောင်ရွက်ရာမှာ ယခုနှစ်မှာတိုးတက်အဆင်ပြေလျက်ရှိပြီး လာမည့်နှစ်များမှာလည်း ယခုနှစ်ထက်ပိုမိုကာဆောင်ရွက်စေလိုကြောင်းနှင့် ဌာနကလည်း လိုအပ်လျက် ရှိသည့် နည်းပညာအကူအညီများကိုသက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းချိတ်ဆက်ကာ ကူညီဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍မြို့နယ်ကျေးလက်ဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးဌေးမြင့်ကတောင်သူများကိုမိုးရာသီအပြင်အခြားရာသီများမှာလည်း စိုက်ပျိုးနိုင်ရန်အတွက်လာမည့်ဘဏ္ဍာရေးနှစ်တွင်ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေ ရရှိရေးအတွက်ကိုလည်းကောင်း၊မြို့နယ်သမဝါယမဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးကျော်မိုးလွင်ကကျေးရွာ သူ/သားများအနေဖြင့် သမဝါယမအသင်း၏ လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးတင့်မျိုးကိုက စိုက်ပျိုးရေးနှင့်ပတ်သက်သည့် စိုက်ပျိုးပုံ၊စိုက်ပျိုးနည်းစနစ် ပညာရပ်ဆိုင်ရာများကိုလည်းကောင်းအသီးသီးဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြတဲ့ကျေး ရွာကော်မတီဝင်များနှင့်ကျေးရွာပြည်သူများကသိရှိလိုသည်များအားဆက်လက်မေးမြန်းဆွေးနွေးကြရာသက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများကပြန်လည်ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့သည်။

ထို့်နောက်စီမံကိန်းလုပ်ငန်းမှာ စိုက်ပျိုးရေးလုပ်ငန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သည့် နေကြာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကိုသက်ဆိုင်ရာတာဝန်ရှိသူများနှင့်ကျေးရွာကော်မတီဝင်များကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

(၁၅.၃.၂၀၂၄)ရက်နေ့မြဝတီရုပ်မြင်သံကြားနံနက်(၀၉:၀၀)သတင်းတွင်ပါရှိသည်။