Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဒလမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ ကွင်းဆင်းစစ်ဆေး

09 April 24

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းနှင့် တာဝန်ရှိသူများသည် ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ညောင်ချောင်းကျေးရွာအုပ်စု ညောင်ချောင်းကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာကွန်ကရစ်လမ်း ခြင်းခင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ဧပြီ ၅ ရက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ညောင်ချောင်းကျေးရွာအတွင်းရှိ ပိတောက်ကွန်ကရစ်လမ်းမှာ အရှည် ပေ ၄၆၀၊ အကျယ် ၁၂ ‌ပေ၊ ဒု ခြောက်လက်မနှင့်ခေတ္တာကွန်ကရစ်လမ်းမှာ အရှည် ပေ ၂၀၀၊ အကျယ် ၁၀ ပေ၊ဒု ခြောက် လက်မရှိပြီး စီမံကိန်းထောက်ပံ့ငွေကျပ် ၁၅ သန်း ပြည်သူထည့်ဝင်ငွေကျပ် ၃ ဒသမ ၂၆ သန်း စုစုပေါင်းကျပ် ၁၈ ဒသမ ၂၆ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။