Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကော့မှူးမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း/မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း(ဆီထွက်)/ ​ကျေးရွာမတည် ရန်ပုံ​ငွေစီမံကိန်း/​ခေတ်မီစံပြ​ကျေးရွာစီမံကိန်း(Smart Village) လုပ်ငန်းများနှင့် ပတ်သက်သည့် သုံးသပ်​ဆွေး​နွေးပွဲကျင်းပ

10 April 24

ဧပြီ ၁၀ရက် ကော့မှူး

​ကော့မှူးမြို့နယ်၌  မြို့နယ်အဆင့် စီမံကိန်းများ သုံးသပ်​ဆွေး​နွေးပွဲ ကျင်းပ       ရန်ကုန်တိုင်း​ဒေသကြီးတွံ့​တေးခရိုင် ​ကော့မှူးမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၏၂၀၂၃- ၂၀၂၄ခုဘဏ္ဍာ​ရေးနှစ်  မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း/မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း(ဆီထွက်)/ ​ကျေးရွာမတည် ရန်ပုံ​ငွေစီမံကိန်း/​ခေတ်မီစံပြ​ကျေးရွာစီမံကိန်း(Smart  Village) လုပ်ငန်းများနှင့် ပတ်သက်သည့် သုံးသပ်​ဆွေး​နွေးပွဲကို ဧပြီလ ၉ ရက် နံနက် ၁၀ နာရီက မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနရုံးအစည်းအ​​ဝေးခန်းမ၌ ကျင်းပခဲ့သည်။            အဆိုပါ​ဆွေး​နွေးပွဲတွင် ခရိုင်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦး​နေဝင်းက သုံးသပ်​ဆွေး​နွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်း​ပြောကြားပြီး  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​ကျော်​ဒေဝ က အဖွင့်အမှာစကား​ပြောကြားသည်။     အခမ်းအနားသို့ တက်​ရောက်လာကြ​သော ​ကျေးရွာ ​ကော်မတီဝင်များက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်သည့် အားသာချက်/အားနည်းချက် များကို ​ဆွေး​နွေးခဲ့ကြပြီး မြို့နယ်​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က ​ဆွေး​နွေးပွဲမှရလာဒ်များအ​ပေါ် ရှင်းလင်း​ဆွေး​နွေးခဲ့ပါ​ကြောင်းသိရသည်။