Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြန်အောင်မြို့နယ်၊ကြခတ်+အုန်းကုန်း+ညောင်ကုန်းမြစိမ်းရောင်ကျေးရွာစီမံကိန်းယူနစ်၏နဝမနှစ်စက်ဝန်းအတွက်ချေးငွေထုတ်ချေးခြင်း

11 April 24

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊မြန်အောင်မြို့နယ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့်မြစိမ်းရောင်ကျေးရွာစီမံကိန်းယူနစ်များအနက်ကညွတ်ကုန်းကျေးရွာအုပ်စု၊ကြခတ်+အုန်းကုန်း+ညောင်ကုန်းမြစိမ်းရောင်ကျေးရွာစီမံကိန်းယူနစ်၏ နဝမနှစ်စက်ဝန်းအတွက်ချေးငွေထုတ်ချေးခြင်းအား(၁၀.၄.၂၀၂၄)ရက်နေ့ကဆောင်ရွက်ခဲ့ရာမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြပါသည်။အဆိုပါစီမံကိန်းယူနစ်အနေဖြင့် နဝမနှစ်စက်ဝန်းတွင် စိုက်ပျိုးရေးလုပ်ငန်းအတွက်အသင်းသူ/သား(၆၈)ဦးအားချေးငွေကျပ်(၃၆၂.၅)သိန်း၊မွေးမြူရေးလုပ်ငန်းအတွက်အသင်းသူ/သား(၅၁)ဦးအတွက်ချေးငွေကျပ်(၁၃၉.၅)သိန်းနှင့်အသက်မွေးဝမ်းကျောင်းလုပ် ငန်းအတွက် အသင်းသူ/သား(၂)ဦးအတွက်ချေးငွေကျပ်(၉.၀)သိန်း၊စုစုပေါင်းအသင်းသူ/သား(၁၂၁)ဦးအတွက်ချေးငွေကျပ်(၅၁၁.၀)သိန်းအားထုတ်ချေးပေးနိုင်ခဲ့ပါသည်။