Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့်စီမံကိန်းများ၏ သုံးသပ်ဆွေးနွေးပွဲဆောာင်ရွက်

12 April 24

၉-၄-၂၀၂၄

               ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ခု  ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ စိုက်ပျိုးရေသုံး ဆိုလာရေတင်စနစ် လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ၏ မြို့နယ်အဆင့်စီမံကိန်းများသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ကြံခင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားပြီး ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးက မြို့နယ်အတွင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။တက်ရောက်လာသော မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များမှ သက်ဆိုင်ရာ စီမံကိန်းလုပ်ငန်းများအလိုက် အားနည်းချက်၊အားသာချက်များအား အုပ်စုဖွဲ့ဆွေးနွေးခဲ့ပါသည်။