Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မှော်ဘီမြို့နယ်အတွင်းရှိ ကျေးရွာ(၃၆)ရွာသို့ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ချေး

25 April 24

ရန်ကုန်တိုင်းဒေသကြီးမှော်ဘီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်းကို၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်မှစတင်၍ မြို့နယ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ယခုအချိန်အထိကျေးရွာ(၄၀)ရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလတို့တွင်စီမံကိန်းသတ်မှတ်ကာလတစ်နှစ်ပြည့်မြောက်ခဲ့သည့် ကျေးရွာ(၃၆)ရွာတို့မှ ပြန်လည်ပေးဆပ်ရမည့်သတ်မှတ်အတိုးနှင့် အရင်းများကို မြန်မာ့စီးပွားရေးဘဏ်သို့ အကျေပေးဆပ်နိုင်ခဲ့ပြီး ကျေးရွာ(၃၆)ရွာကိုလည်း စီမံကိန်းရန်ပုံငွေမျာကိုပြန်လည်ထုတ်ချေးပေးနိုင်ခဲ့ပြီး စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ(၂၁၅၄)ဦးတို့မှ ငွေကျပ်(၇၄၁.၈၅) သန်း၊ မွေးမြူရေးလုပ်ကိုင်သူ(၁၃၅၈)ဦးတို့မှငွေကျပ်(၅၁၈.၆၅)သန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ(၇၁)ဦးတို့မှ ငွေကျပ်(၂၃.၆)သန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ(၆၆၈)ဦးမှငွေကျပ်(၂၁၄.၂)သန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူ(၆၄၀)ဦးမှ ငွေကျပ်(၁၈၄.၃)သန်း၊ စုစုပေါင်း(၄၈၉၁)ဦးအား ငွေကျပ်(၁၆၈၂.၆)သန်းတို့အား ပြန်လည်ထုတ်ချေးပေးနိုင်ခဲ့ကြောင်းနှင့် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးရာသို့ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကကြီးကြပ်၍ ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များကနေ့ချင်းပြီးထုတ်ချေးပေးခဲ့သည်။