Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြှင့်ပွံအခမ်းအနား ဆောင်ရွက်ပြီးစီး

29 April 24

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့်  ဆုချီးမြှင့်ပွံအခမ်းအနား ဆောင်ရွက်ပြီးစီး

          ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ပဲခူးမြို့နယ်အတွင်း ဆောင်ရွက်ထားရှိသော စီမံကိန်း ကျေးရွာများအား မြစိမ်းရောင်စီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီမြှင့်ပွဲအခမ်းအနားကို ပဲခူးခရိုင် ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ပဲခူးမြို့နယ်ရှိ စီမံကိန်း ကျေးရွာကော်မတီဝင်များတက်ရောက်ခဲ့ပြီး အဆိုပါပွဲကို ဧပြီလ ၂၉ ရက်နေ့တွင် ပဲခူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ခြင်း စီမံကိန်းအကြောင်းအရာများ၊ မြစိမ်းရောင်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲများ ပြုလုပ်ရခြင်းအကြောင်းအရာများကို အသေးစိတ်ရှင်းလင်းချပြ ဆွေးနွေး ခဲ့ပါသည်။

ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှ မြစိမ်းရောင်စီမံကိန်း ဆုများရွေးချယ်ခြင်းနှင့် ပတ်သက်၍ စံသတ်မှတ်ချက်များကို ကော်မတီနှင့် အသင်းသားများ သိရှိနားလည်သဘောပေါက်စေရေး ရှင်းလင်းချပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စံပြဆုကို မြို့လေးကျေးရွာအားလည်းကောင်း၊ ကော်မတီဝင်များစည်းလုံးညီညွတ်မှုဆုကို ကျုံးရိုးကျေးရွာ အားလည်းကောင်း ၊ စာရင်းဇယားကောင်းမွန်စွာ ဆောင်ရွက်နိုင်သောဆုကို ပေါက်တောကျေးရွာ တို့အားလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ပါသည်။