Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပြင်ဦးလွင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကျင်း

08 May 24

ပြင်ဦးလွင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ပြင်ဦးလွင်   မေလ  ၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်းက အဖွင့်အမှာစကား ပြောကြားပါသည်။

 ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိုက်က ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ကျေးရွာ လေးရွာ ထပ်မံအကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်း လုပ်ငန်းများဆောင်ရွက်နိုင်ရေးကျေးရွာ ရွေးချယ်သည့် အခါ ကျေးရွာသူ၊ ကျေးရွာသားများ၏ စီမံကိန်းလုပ်ငန်းများအပေါ် စိတ်အားထက်သန်မှုရှိသော ကျေးရွာ၊ စည်းလုံးညီညွတ်မှုရှိသော ကျေးရွာ၊ တက်ကြွစွာဆောင်ရွက်လိုမှုရှိသော ကျေးရွာနှင့် အကျိုးခံစားခွင့် အိမ်ထောင်စု များသော ကျေးရွာများအား ဦးစားပေးရွေးချယ်ပေးစေလိုကြောင်း ဆွေးနွေးပြောကြားပါသည်။

ထို့နောက်တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီဝင်များက ပြင်ဦးလွင်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်ရန် စီမံကိန်းလက်စွဲ၊ သတ်မှတ်စံနှုန်းများဖြင့် ကိုက်ညီသော ရွှေချောင်း၊ ဘူတာကံပြင်၊ ကျင်ဂနိုင်၊ မြိုင်ကြီး စသည့် ကျေးရွာလေးရွာတို့အား ပထမဦးစားပေးအဖြစ် အတည်ပြု ရွေးချယ်ခဲ့ကြကြောင်း သိရသည်။