Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်း‌ဝေါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ် မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပခြင်း

08 May 24

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ် မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းသုံးသပ်ဆွေးနွေးပွဲနှင့် ဆုပေးပွဲ အခမ်းအနားအား (၂၄-၄-၂၀၂၄) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပဆောင်ရွက်ပြီး မြို့နယ်အဆင့် ကော်မတီဝင်များ၊ ကျေးရွာကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။

          ထိုသို့ ကျင်းပဆောင်ရွက်ရာတွင် ဝေါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဒေါ်ငြိမ်းငြိမ်းအိ၊ လ/ထညွှန်ကြားရေးမှူး(နည်း) မှ မြစိမ်းရောင်စီမံကိန်းကျေးရွာ (၂၂)ယူနစ်၊ (၂၄)ရွာရှိသည့်အကြောင်းနှင့် ၎င်းကျေးရွာများထဲမှ ကော်မတီဝင်အချင်းချင်း စည်းလုံးညီညွှတ်မှုရှိခြင်း၊ စာရင်းဇယားများသေသပ်စွာဆောင်ရွက်ခြင်းအစရှိသည်တို့နှင့် ညီညွှတ် သည့် ပုဂံကျေးရွာအုပ်စု၊ ပုဂံကျေးရွာအား စံပြဆုချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါပုဂံကျေးရွာ သည် ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ မြစိမ်းရောင်စီမံကိန်းအား စတင် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။