Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကွမ်းခြံကုန်းမြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ(၂)ရွာ၌ အတိုးရငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

01 January 70

ရန်ကုန်တိုင်းဒေသကြီး    ခရမ်းမြို့နယ်    ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တိုင်းဒေသကြီးရန်ပုံငွေ (ကျေးရွာတစ်ရွာလျှင်လုပ်ငန်းတစ်ခုအတွက်)ကျပ်၂၅၅  ဒသမ ၈သိန်းဖြင့်   Happy  Golden  Land Co..Ltd.က ဝါးရုံကန်ကျေးရွာနှင့်  ကမာကလုတ်ကျေးရွာတို့   ၌ သောက်သုံးရေအခက်အခဲမရှိ၊ ရေရရှိသုံးစွဲနိုင်ရေးအတွက်စက်ရေတွင်း၊ တွင်းနက်တူးဖော်ခြင်း၊  ဂါလံ ၂၀၀၀ဆံ့   အုတ်ရေကန်နှင့်  ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းကို       တာဝန်ယူဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

လုပ်ငန်းခွင်သို့ ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး       ဒေါ်ထားထားနိုင်နှင့်အဖွဲ့သည် ဒီဇင်ဘာ ၁၂ရက် မွန်းတည့်၁၂နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လို  အပ်ချက်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။

          ထို့ပြင် ကမာချိုက်ကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေကျပ် ၁၇၆ဒသမ၅သိန်း၊ ပြည်သူထည့် ဝင်ငွေကျပ် ၂၉ဒသမ၅သိန်း စုစုပေါင်းကျပ် ၂၀၆သိန်းဖြင့် ပေ၂၀×၁၂ပေ×၇ပေ ရွာတွင်းအုတ်ခုံခံ ကွန်ကရစ်တံတားတည်ဆောက်ပြီးစီးနေမှုကို စစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့ရေးဝိုင်းဝန်းထိန်းသိမ်း ကူညီစောင့်ရှောက်ကြရန် ကျေးရွာလမ်းကော်မတီနှင့် ရပ်မိရပ်ဖများကို မှာကြားခဲ့ကြောင်းသိရသည်။