Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရေလယ်ကျွန်း ရှစ်ရွာဆိုလာအသေးစားလျှပ်စစ်မီးလင်းရေးဖွင့်ပွဲကျင်းပ

06 January 20

ရေစကြို ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း (၈)ကျေးတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ကျေးလက်နေပြည်သူများ၊ ရင်းနှီးမြှုပ်နှံကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် အမျိုးသား လျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း ဆိုလာအသေးစားလျှပ်စစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က ငတရော်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့က အဖွင့်အမှာစကားပြေားကြားပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကမ္ဘာ့ဘဏ်၊ နယူးဇီလန်သံရုံးနှင့် ဂျာမနီသံရုံးများမှ တာဝန်ရှိသူများက နည်းပညာပံ့ပိုးမှု အခြေအနေများလည်းကောင်း၊ သရဖူဆရာတော် ဒေါက်တာ ရှင်တေဇနီယက စီမံကိန်းလုပ်ငန်းများ ကမကထ ဆောင်ရွက်ခဲ့မှု အခြေအနေများကို လည်းကောင်းရှင်းလင်းပြောကြားကြပါသည်။

ဆက်လက်၍ Parimi Energy ကုမ္ပဏီနှင့် Mega Global Green Automation ကုမ္ပဏီ တာဝန်ရှိတို့သူက စီမံကိန်းလုပ်ငန်း ဆိုင်ရာ များကို လည်းကောင်း ရှင်းလင်းတင်ပြပြီး ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဌက ကျေးရွာကိုယ်စား ကျေးဇူးတင် စကားပြောကြားပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး ၊ ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က မီးလင်းရေးစက်ရုံကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ တိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဆိုလာ အသေးစားဓါတ်အားပေးစနစ် (Solar Mini-Grid) မီးလင်းရေးလုပ်ငန်းဖွင့်ပွဲမုဒ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြပါသည်။

အဆိုပါ ဆိုလာအသေးစားဓါတ်အားပေးစနစ် (Solar Mini-Grid) မီးလင်းရေးလုပ်ငန်းကို ကျေးရွာရှစ်ရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းကို ကမ္ဘာ့ဘဏ်၊ ဂျာမဏီနှင့် ပူးပေါင်းဆောင်ရွက်မှု (GIZ)တို့မှ နည်းပညာ ပံ့ပိုးပေးပြီး မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP Off-grid)ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထည့်ဝင်ငွေ ၆၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီမှ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းဖြင့် ဆိုလာ ၂၈၈ ကီလိုဝပ်၊ ဂျင်နရေတာ ၁၆၀ ကီလိုဝပ် ထုတ်ယူသုံးစွဲနိုင်မည့် ဆိုလာ-ဒီဇယ် ပေါင်းစပ်စနစ် အမျိုးအစားကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် အကုန်အကျခံကာ Parami Energy ကုမ္ပဏီနှင့် Mega Global Green Automation ကုမ္ပဏီတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး ဆိုလာ အသေးစားဓါတ်အားပေးစနစ် ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ(၈)ရွာရှိ အိမ်ခြေ(၁၄၄၂)ကျော်နှင့် ကျေးရွာရှိ အသေးစား ကုန်ထုတ်လုပ်ငန်းများကို အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။