Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စတုတ္ထအကြိမ်မြောက် စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးမှုကဏ္ဏဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး အခမ်းအနား

18 February 20

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စတုတ္ထအကြိမ်မြောက် စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးမှုကဏ္ဏဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး အခမ်းအနား(4th Meeting on Agriculture Rural Development Sector Coordinating Group(ARDSCG)) ကို (၁၈.၂.၂၀၂၀) ရက်နေ့ ၊နံနက်(၉)ခွဲ အချိန်တွင် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီ ဦးလှကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးမှ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးက်မှုမဟာဗျူဟာ၏ ကဏ္ဍများအလိုက် လုပ်ငန်းစဉ်တိုးတက်မှု၊အကောင်အထည်ဆောင်ရွက်မှု၊စောင့်ကြည့်စစ်ဆေးမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ သိရှိလိုသည်များကို တက်ရောက်လာကြသူများက မေးမြန်းကြရာ ကဏ္ဍ အလိုက် သက်ဆိုင်သူများက ဖြေကြားရှင်းလင်းပေးပြီး ဒုတိယဝန်ကြီး ဦးလှကျော်က ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။