Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဧရာဝတီတိုင်းဒေသကြီး စီမံကိန်းမြို့နယ်ရွေးချယ်ရေး အကြံဉာဏ် ရယူခြင်းအစည်းအဝေးကျင်းပ

24 February 20

၂၀၂၀ ဖေဖော်ဝါရီလ ၂၂ ရက်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း လူထုဗဟိုပြု စီမံကိန်း တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းမြို့နယ်ရွေးချယ်ရေးအကြံဉာဏ် ရယူခြင်းအစည်းအဝေးကို ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ၂၂-၂-၂၀၂၀ရက်နေ့၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် မှအဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကြောင်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် စီမံကိန်းရွေးချယ်ရေး စည်းမျဉ်းများအားရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ ညွှန်ကြားရေးမှူး ဦးလှခိုင်မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

အခမ်းအနားသို့တက်ရောက်လာသူများအား အဖွဲ့(၁၀)ဖွဲ့ခွဲ၍ စီမံကိန်းမြို့နယ်ရွေးချယ်မှုများဆောင်ရွက်ခြင်းနှင့် တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးနေထက်ရှိန် မှ အဖွဲ့များ၏ဆွေးနွေးမှု ရလာဒ်များအား တင်ပြခဲ့ပြီး စီမံကိန်းဆောင်ရွက်ရန် ရွေးချယ်ခံရသောမြို့အမည်စာရင်းများအား ကြေငြာခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ မှ နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

အခမ်းအနားသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ INGO,NGO, CSO များ၊ ရပ်မိရပ်ဘများနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း(၅၀၀)ဦးခန့် တက်ရောက်ကြပါသည်။

ပထမဦးစားပေး - ဒေးဒရဲမြို့နယ်

ဒုတိယဦးစားပေး - မော်လမြိုင်ကျွန်းမြို့နယ်