Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံဖြိုးတိုးတက်ရေးစီမံကိန်း(WSAP)ညှိနှိုင်းအစည်းအဝေးကျင်းပ

06 March 20

အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံဖြိုးတိုးတက်ရေးစီမံကိန်း(WSAP)ညှိနှိုင်းအစည်းအဝေးကျင်းပ

==================================

ချင်းပြည်နယ်၊မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊စိုက်ပျိုးရေးဦးစီးဌာန၊ဆည်မြောင်းဦးစီးဌာန၊စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာန တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို (၆.၃.၂.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ဆက်လက်၍ ကျေးလက်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတေဇာနေမျိုးဝင်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်များတွင် ဆောင်ရွက်မည့် လျာထားလုပ်ငန်းများနှင့် ခန့်မှန်းကုန်ကျငွေများကို ရှင်းလင်းတင်ပြဆွေးနွေးပြီး၊တက်ရောက်လာကြသော ဦးစီးဌာနများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ပါသည်။