Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

နွေရာသီ သောက်သုံးရေ ရှားပါးပြတ်လပ်မှုအတွက် အကူအညီ အလွယ်တကူတောင်းခံနိုင်

12 April 20

နေပြည်တော် ဧပြီ ၉

၂၀၂၀ ပြည့်နှစ်၊နွေရာသီကာလအတွင်း ကျေးရွာများ၌ နွေရာသီသောက်သုံးရေ ရှားပါးပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့်စပ်လျဉ်း၍ ဧပြီ ၉ ရက်အထိ တိုင်းဒေကြီး/ပြည်နယ်ရှစ်ခုရှိ မြို့နယ်ပေါင်း ၂၇၊ ကျေးရွာပေါင်း ၈၀ ရွာသို့ ရေဂါလန် ၅၀၁၀၃၆ ဖြန့်ဝေထောက်ပံ့ပေးနိုင်ခဲ့ပြီး ကျေးရွာများသို့ ရေဖြန့်ဝေပေးမှု အခြေအနေမှာ ပူးတွဲပါဇယားအတိုင်းဖြစ်သည်။

          ရေရှားပါး ပြတ်လပ်သောကျေးရွာများမှ သောက်သုံးရေ ဖြည့်ဆည်းပေးနိုင်ရေး အကူအညီတောင်းခံနိုင်ရန်နှင့် ရေလှူဒါန်းလိုသော စေတနာရှင်အလှူရှင်များမှ ရေလှူဒါန်းမှုများ ပြုလုပ်ပေးနိုင်ရန်တို့အတွက် water Donation Myanmar App ကို အလွယ်တကူအသုံးပြု ဆောင်ရွက်နိုင်ပြီး ရေရှားပါးပြတ်လပ်မှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးမှု နောက်ဆုံးအခြေအနေများအား water-donation.com တွင် ဝင်ရောက်ကြည့်ရူ့လေ့လာနိုင်ပါသည်။