Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

World Bank Mission အဖွဲ့နှင့် Video Conferencing Wrap Up Meeting

27 May 20

———
27.5.2020 (9:00AM)
ယနေ့နံနက် (၉:၀၀)နာရီအချိန်တွင် ကျေးလက်ဒသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် ဦးဆောင်သော NEP စီမံကိန်းမှ တာဝန်ရှိပုဂ္ဂိုလ်များသည် ကမ္ဘာ့ဘဏ်မစ်ရှင်အဖွဲ့နှင့် အပြီးသတ်ဆွေးနွေးပွဲ Video Conferencing Wrap Up Meeting ပြုလုပ်ခဲ့သည်။
ကမ္ဘာ့ဘဏ်မစ်ရှင်အဖွဲ့နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၀ပြည့်နှစ်၊ မေလ ၁၉ရက်နေ့မှ အစပြု၍ သက်ဆိုင်ရာလုပ်ငန်းခေါင်းစဉ်၊ လုပ်ငန်းအဖွဲ့များအလိုက်
ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြရာ ယနေ့ Wrap Up Meeting တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ NEPစီမံကိန်း၊ မဟာဓာတ်အားလိုင်းပြင်ပစနစ်၏ ကျန်(၆)လတာကာအတွင်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ အသေးစားဓာတ်အားစနစ် စီမံကိန်းအဆိုပြုလွှာများ စိစစ်ပြီးစီးမှုအခြေအနေများနှင့် စီမံကိန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ၊ လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအမံများ၊ ၂၀၂၂-၂၀၂၆ NEP စီမံကိန်း၊ ဒုတိယပိုင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ်များအပါအဝင် NEP စီမံကိန်းတွင် ပူးပေါင်းထည့်ဝင်သည့် အီတလီအတိုးမဲ့ချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ၊ ရလဒ်အခြေပြုဘဏ္ဍာငွေအထောက်အပံ့ပေးရေးအစီအစဉ် (Result Based Financing)တို့နှင့်စပ်လျဉ်း၍ အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး၊ ထိုင်နေသည်၊ ဖန်သားပြင်၊ ရုံး၊ စားပွဲ နှင့် အခန်းတွင်း  ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: ထိုင်နေသော လူများ၊ စားပွဲ၊ ဖန်သားပြင် နှင့် အခန်းတွင်း ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ဦး၊ ထိုင်နေသည်၊ ဖန်သားပြင်၊ ရုံး နှင့် အခန်းတွင်း