Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

COVID-19 တိုက်ဖျက်ရေး အထူးအစည်းအဝေးပြုလုပ်နိုင်ရေးအတွက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ

18 August 20

COVID-19 တိုက်ဖျက်ရေး အထူးအစည်းအဝေးပြုလုပ်နိုင်ရေးအတွက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် ဩဂုတ် ၁၈
 
အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် COVID-19 တိုက်ဖျက်ရေး အထူး အစည်းအဝေးကျင်းပနိုင်ရေးအတွက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ် အချိန်က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ (SOMRDPE) အလှည့်ကျ ဥက္ကဌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးခန့်ဇော် တက်ရောက်ဆွေးနွေး ခဲ့ကြောင်းသိရသည်။
 
ရှေးဦးစွာ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ (SOMRDPE) အလှည့်ကျ ဥက္ကဌ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ယနေ့ကမ္ဘာတစ်ဝှမ်းလုံးတွင် ဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါအကျိုးဆက်ကြောင့် မိမိတို့ SOMRDPE မှ ဆောင်ရွက်နေသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါမှုပပျောက်ရေး လုပ်ငန်းများတွင် ထိခိုက်မှုများဖြစ်ပေါ်လျက်ရှိပါကြောင်း၊ မိမိတို့ SOMRDPE Focal Point များအားလုံးအနေဖြင့်လည်း ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအား တိုက်ဖျက်နိုင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရေး နှင့် ပြည်သူလူထု၏ တုံ့ပြန်နိုင်စွမ်းအားမြှင့်တင်နိုင်ရေးတို့အတွက် အချိန်နှင့်တပြေးညီ ထိရောက်စွာ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊  မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။
 
ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ Assistant Director ဖြစ်သူ Dr.Sita Sumrit တို့က အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် COVID-19 တိုက်ဖျက်ရေး အထူးအစည်းအဝေးကျင်းပနိုင်ရေး လိုအပ်သည်များ အကြံပြုဆွေးနွေး ပြောကြားကြပါသည်။
 
အဆိုပါ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာဆိုင်ရာ ဝန်ကြီးများအဆင့် COVID-19 တိုက်ဖျက်ရေး အထူးအစည်းအဝေးပြုလုပ်နိုင်ရေးအတွက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။