Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရွှေဘိုခရိုင်အတွင်း ကျေးရွာ ၃၆ ရွာတွင် CASH FOR WORK စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ လုပ်ငန်း ၈၀ ရာခိုင်နှုန်း ပြီးစီး

27 August 20

ရွှေဘိုခရိုင်အတွင်း ကျေးရွာ ၃၆ ရွာတွင် CASH FOR WORK စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ လုပ်ငန်း ၈၀ ရာခိုင်နှုန်း ပြီးစီး
 
ရွှေဘို ၊ ဩဂုတ် ၂၇
 
ရွှေဘို ခရိုင်အတွင်း ကျေးရွာ ၃၆ ရွာမှာ Cash for Work လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး၊ စုစုပေါင်း လုပ်ငန်း ၈၀ ရာခိုင်နှုန်း ကျော် ပြီးစီးပြီ ဖြစ်ကြောင်း ရွှေဘို ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးမြင့်က အခုလို ပြောကြားထားပါတယ်။
 
“ကျနော်တို့ ရွှေဘို ခရိုင်အတွင်းမှာ ရှိတဲ့ ၆ မြို့နယ် မှာ ဒီ Covid-19 Economic Relief Plan (CERP) Plan အရ ကျေးလက်နေ ပြည်သူတွေ ကိုဗစ် ၁၉ ကာလ အတွင်းမှာ ဝင်ငွေ လျော့ပါးမှုတွေကို ကုစားတဲ့အနေနဲ့ ထိုက်သင့်တဲ့ ဝင်ငွေ ရရှိအောင် တစ်ဖက်တစ်လမ်းကနေပြီးတော့မှ ဒေသရဲ့ ဖွံ့ဖြိုးရေးလည်း ဆောင်ရွက်ပြီးသား ဖြစ်အောင် ဆိုပြီးတော့ CFW စီမံကိန်းအရ တစ်မြို့နယ်မှာ ၆ ရွာ နှုန်းနဲ့ ရွာပေါင်း ၃၆ ရွာမှာ ကျနော်တို့ CFW စီမံကိန်းအရ နိုင်ငံတော်က ကျေးရွာ တစ်ရွာမှာ ကျပ် သိန်း ၁၀၀ ထောက်ပံ့ပေးပြီးတော့ အကောင်အထည်ဖော်လျက် ရှိပါတယ်။ အဲဒီရွာတွေမှာ လုပ်ငန်းတွေအားဖြင့် ဒေသဖွံ့ဖြိုးရေး အထောက်အကူ ဖြစ်စေမယ့် လမ်းပြုပြင်ခြင်း၊ အဆင့်မြင့်တင်ခြင်း၊ ရေကျော် ပြုလုပ်ခြင်း၊ မြေသားရေကန် တူးဖော်ခြင်း၊ ရေမြောင်းများ တူးဖော်ခြင်းနဲ့ အဆင့်မြှင့်တင်ခြင်း၊ အဆောက်အဦးများ ပြုပြင်ခြင်းနဲ့ တစ်ခြားလုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိပါတယ်။ အဲလို ဆောင်ရွက်တဲ့ အခါမှာ ကျနော်တို့က ဒီ Plan အရ Labour Intensive ရည်ရွယ်တဲ့အတွက် လုပ်အားခ ရရှိဖို့ အထူး အလေးထားပြီးတော့ စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျနော်တို့ Materials က ၃၃ ရာခိုင်နှုန်းနဲ့ Labour Charges တွေ အနေနဲ့ကတော့ ၆၇ ရာခိုင်နှုန်းလောက်နဲ့ စီမံဆောင်ရွက်နိုင်ပါတယ်။ လုပ်ငန်းတွေ အနေနဲ့ကတော့ ယနေ့အထိ ပြီးစီးမှုကတော့ ခရိုင်ချုပ်အနေနဲ့ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီ ဖြစ်ပါတယ်။ ကျနော်တို့ ဒီလုပ်ငန်းတွေ အားလုံး ဘတ်ဂျတ်နှစ်ကုန်မှာ ပြီးဖို့ ရည်ရွယ်ထားပေမယ့် လက်တွေ့မှာ ဒီလကုန်မှာပဲ ပြီးစီးအောင် ဆောင်ရွက်ဖို့ ရည်မှန်းထားပါတယ်။”
 
သတင်း - ထွန်းမြင့်အောင် (ရွှေဘို ခရိုင် ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://youtu.be/Irlwjt2lwdw

https://web.facebook.com/MOIWebportalMyanmar/videos/299450278022711/