Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြစ်သား၌ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်

27 August 20

မြစ်သား၌ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်

မြစ်သား ဩဂုတ်၂၇

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ပြည်လုံးအံ့ကျေးရွာ၊ စမြောင်ကျေးရွာတို့တွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦ:စီးဌာနမှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ် Cash for Work စီမံကိန်းဖြင့် ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းနှင့် ကျေးရွာတွင်းလမ်း ဂျင်းခင်းခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လုပ်ငန်းများဆောင်ရွက်ရာတွင် စမြောင်ကျေးရွာ၌ အရှည်ပေ ၅၁၄၂ ပေရှိ ကျေးရွာတွင်းလမ်း ဂျင်းခင်းခြင်းနှင့် အရှည်ပေ ၃၇၅၀ ပေx အကျယ် ၂ ပေx အနက် ၂ ပေရှိ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းတို့ကိုလည်းကောင်း၊ ပြည်လုံးအံ့ကျေးရွာတွင် အရှည်ပေ ၅၀၂၀ ပေ x အကျယ် ၁၂ ပေ x ထု ၅ ပေ ၃ လက်မရှိ ကျေးရွာတွင်းလမ်း ဂျင်းခင်းခြင်းနှင့် အရှည်ပေ ၁၄၅၆၄ ပေ x အကျယ် ၁ ပေ ၅ လက်မ x အနက် ၁ ပေ ၅ လက်မရှိ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်နှင့် ဝန်ထမ်းများက ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းသည် နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်−၁၉ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေပြည်သူများ၏မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ် နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆုမွန်(မြစ်သားပြန်/ဆက်)

https://www.moi.gov.mm/iprd/news/7045