Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျောက်ဆည်မြို့နယ် တောတွင်ကျေးရွာတွင် CASH FOR WORK စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့်ပြီး သွားသောကြောင့် ရွာသူ၊ ရွာသားများပျော်ရွှင်

27 August 20

ကျောက်ဆည်မြို့နယ် တောတွင်ကျေးရွာတွင် CASH FOR WORK စီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့်ပြီး သွားသောကြောင့် ရွာသူ၊ ရွာသားများပျော်ရွှင်

ကျောက်ဆည် ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေပြည်သူများ၏ မိသားစုဝင် ငွေများလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားပေး နိုင်ရန်အတွက် ကျေးရွာ (၁၃) ရွာရှိ မိသားစုဝင်များ ဝင်ငွေရရှိစေရန် အတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျှက်ရှိရာ ယခုအခါ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောတွင်အုပ်စု၊ သပြေသာကျေးရွာတွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး သွားပြီဖြစ်သောကြောင့် ကျေးရွာပြည်သူများ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် အရှည်ပေ (၁၉၉၀) ပေ၊ အကျယ်(၁၂)ပေရှိ ကျေးရွာတွင်း လမ်းမကြီးအား မြေသားထု(၃)လက်မနှင့် ဂျင်းမြေ(၈ဒသမ၅)လက်မ ထပ်ပိုးလွှာခင်းကာ အဆင့်မြှင့်တင်ပြီး လမ်းမကြီးဘေး ဝဲ၊ ယာ တွင် ရေနုတ်မြောင်းတူးဖော်ခြင်း၊ စိုက်ပျိုးရေများသုံးစွဲရာတွင် အခက်အခဲဖြစ်နေသည့် ရွာနှင့်ဘုန်းတော်ကြီးကျောင်းကြားရှိ အရှည်ပေ (၃၂၀) ပေရှိ၊ စိုက်ပျိုးရေသုံးမြောင်းအား အကျယ်(၁)ပေခွဲ၊ အနက်(၁)ပေ ပြန်လည်တူးဖော်ခြင်းလုပ်ငန်းများကို ကျေးရွာပြည်သူများ၏ လုပ်အားဖြင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုအခါ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်သောကြောင့် အဆိုပါကျေးရွာသည် ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး လုပ်ငန်းများလုပ်ဆောင်ရာတွင် ကျေးရွာပြည်သူများ၏ လုပ်အားကို အသုံးပြုသောကြောင့် ပြည်သူများလည်း မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

 
https://www.moi.gov.mm/iprd/news/7193