Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း Pre-Implementation Orientation for DRD Senior Officials အစည်းအဝေးကျင်းပ

23 September 20

တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း Pre-Implementation Orientation for DRD
 Senior Officials အစည်းအဝေးကျင်းပ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
နေပြည်တော် စက်တင်ဘာ ၂၂
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)နှင့် ပူးပေါင်း၍ တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေး စီမံကိန်း(Resilient Community Development Project- RCDP) Pre-Implementation Orientation for DRD Senior Officials အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ အချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ တာဝန်ရှိသူများ၊ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် တိုင်းဒေသကြီး/ပြည်နယ် တာဝန်ရှိသူများနှင့်အတူ Virtual Conference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် 2017 Global Climate Risk Index အရ မြန်မာနိုင်ငံသည် ရာသီဥတုနှင့် သဘာဝဘေးဖြစ်နိုင်ချေ အများဆုံးရှိသည့် နိုင်ငံများစာရင်းတွင် ပါဝင် ပါကြောင်း၊ သဘာဝဘေးဖြစ်ပေါ်လာပါက ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများ၊ အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများ၊ ထိခိုက်လွယ် အုပ်စုများမှာ ပိုမိုထိခိုက်ခံစားရပါကြောင်း၊ အဆိုပါ ဘေးအန္တရာယ်များသည် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုစီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် အကူအညီဖြင့် စီမံကိန်းရေးဆွဲခဲ့ပြီး လုပ်ငန်းများ စတင်အကောင် အထည်ဖော်ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးမှ ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဖော်ထုတ်သတ်မှတ် အတည်ပြု သွားမှာဖြစ်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်သူများမှ စီမံကိန်း ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဖော်ထုတ်သတ်မှတ်ပြီး အပြန်အလှန် ဆွေးနွေးအတည်ပြုခဲ့ကြောင်းသိရသည်။
အဆိုပါ Virtual Conference စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အစည်းအဝေးကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊  အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ တာဝန်ရှိသူများ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် တိုင်းဒေသကြီး/ပြည်နယ် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ပူးပေါင်း၍ တုံ့ပြန်နိုင်စွမ်းအား ကောင်းသော လူထုဖွံ့ဖြိုးရေး စီမံကိန်း(Resiliebt Community Development Project- RCDP)ကို ချင်းပြည်နယ်အတွင်းမှ မြို့နယ်(၄)မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ မြို့နယ်(၄)မြို့နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မြို့နယ်(၃)မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ မြို့နယ်(၃)မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ မြို့နယ်(၃) မြို့နယ် စုစုပေါင်းမြို့နယ် ၁၇ မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အထိ စီမံကိန်းကာလ ၅ နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။