Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်

17 July 20

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား  Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၇.၇.၂၀၂၀)ရက်နေ့၊နံနက်(၉း၀၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများပြီးစီးမှု၊ကျန်ရှိမှုနှင့် CFW,VRFP စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို Video Conferencing စနစ်ဖြင့် တင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။အစည်းအဝေးကို ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ရုံးချုပ်မှ ညွှန်ကြားရေးမှူးများနှင့်တိုင်းဒေသကြီး/ပြည်နယ် (၁၇)ခုမှ ဦးစီးမှူးများ တက်ရောက်ကြကြောင်းသတင်းရရှိပါသည်။