Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Cash For Work (CFW) စီမံကိန်းနှင့် Village Revolving Fund Project (VRFP) စီမံကိန်း ရန်ပုံငွေများအတွက် ခွင့်ပြုငွေသုံးစွဲရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်များမှ ခရိုင်ကျေးလက်ဦးစီးမှူးများနှင့် Video Conferencing စနစ်ဖြင့် အစည်းအဝေးကျင်းပ

23 July 20

Covid-19 ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝများအပေါ် ထိခိုက်မှုများဖြစ်ပေါ်လျက်ရှိပြီး ယင်းထိခိုက်မှုများကို ကုစားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ Covid-19 Economic Relief Plan(CERP) ကိုရေးဆွဲခဲ့ပြီး ယင်းအစီအစဉ်၏စီမံချက် ၂.၁.၇ အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော Cash For Work (CFW) စီမံကိန်းနှင့် Village Revolving Fund Project (VRFP) စီမံကိန်း ရန်ပုံငွေများအတွက် ခွင့်ပြုငွေသုံးစွဲရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်များမှ ခရိုင်ကျေးလက်ဦးစီးမှူးများနှင့် Video Conferencing စနစ်ဖြင့် အစည်းအဝေးကျင်ပပြုလုပ်ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။အစည်းအဝေးကို တက်ရောက်လာကြသော တိုင်းဒေသကြီး/ပြည်နယ်များမှ ခရိုင်ကျေးလက်ဦးစီးမှူးများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းမှ သိရှိလိုသည်များအား ရှင်းလင်းဖြေကြားပေးခဲ့ပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။