Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ASEAN Development Outlook Online Discussion ကို (၂၄.၇.၂၀၂၀)ရက်နေ့၊နေ့လယ်(၁း၃၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်

24 July 20

ASEAN Development Outlook Online Discussion ကို (၂၄.၇.၂၀၂၀)ရက်နေ့၊နေ့လယ်(၁း၃၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်


အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဦးဆောင်၍ ASEAN Development Outlook (ADO) သည် အာဆီယံဒေသတွင်း အားလုံးအကျုံးဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ အာဆီယံနိုင်ငံများ၏ လက်ရှိအခြေအနေ၊အခက်အခဲစိန်ခေါ်မှုများ၊အခွင့်အလမ်းများ၊အတွေ့အကြုံသင်ခန်းစာများ၊အလေ့အကျင့်ကောင်းပုံစံများအား ဘက်ပေါင်းစုံလွှမ်းခြုံသော ဆန်းစစ်ချက်တစ်ရပ်ပြုလုပ်ခြင်း ASEAN Development Outlook Online Discussion ကို (၂၄.၇.၂၀၂၀)ရက်နေ့၊နေ့လယ်(၁း၃၀)နာရီအချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(SOMRDPE) အလှည့်ကျ ဥက္ကဌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် သည် (Social Welfare and Well-Being)အစီအစဉ်၌တက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။ဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ(၅၁)ဦး Video Conferencing စနစ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။