Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

နတ်မောက်မြို့နယ်၊ အင်းကုန်း(တောင်)ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

25 July 20

နတ်မောက်မြို့နယ်၊ အင်းကုန်း(တောင်)ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
နတ်မောက် ဇူလိုင် ၂၅

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)နှင့် ကမ္ဘာလုံးဆိုင်ရာစိုက်ပျိုးရေးနှင့် စာနပ်ရိက္ခာ ဖူလုံရေးအစီစဉ်(GAFSP)တို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာတန်ဖိုးကွင်းဆက်စီမံကိန်း ရန်ပုံငွေဖြင့် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အင်းကုန်းတောင်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်နေမှု အခြေအနေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီ အချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ နတ်မောက် မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းရွှေ၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူလယ်သမားများက ရှင်းလင်းတင်ပြမှုအပေါ် ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

အဆိုပါ အင်းကုန်း(တောင်)ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် လေး ဒသမ တစ်ဖာလုံ ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ တစ်ပေထု၊ မြေနီကျောက်စရစ်ကိုးလက်မထု ခင်းခြင်းလုပ်ငန်းနှင့် RC Box Culvert တစ်စင်းတည်ဆောက် ခြင်းလုပ်ငန်းကို ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်း ဆိုင်ရာတန်ဖိုး ကွင်းဆက်စီမံကိန်း ရန်ပုံငွေဖြင့် တင်ဒါ အောင်မြင်သည့် မုဒုံမောင်မောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ အင်းကုန်း(တောင်)ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးပါက ကျေးရွာရှိ အိမ်ခြေ(၁၁၀)၊ လူဦးရေ (၄၇၀) တို့၏ စိုက်ပျိုးမြေဧက ၈၅၀ နှင့် မွေးမြူရေးဧက ၂၀၀ တို့ကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ စိုက်ပျိုးမွေးမြူဧကများမှ ထွက်ရှိသော ထုတ်ကုန်၊ ထွက်ကုန်တွေကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင် နိုင်မှာ ဖြစ်ကြောင်းသိရသည်။

သန်းလွင်(မကွေး)