Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

26 July 20

မြိုင်မြို့နယ်၊ ကျောက်ဆောက်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
မြိုင် ဇူလိုင် ၂၆

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးမှုရန်ပုံငွေအဖွဲ့ (IFAD) တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အနောက်ပိုင်း ဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(WSAP) ရန်ပုံငွေဖြင့် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် ကျောက်ဆောက် ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ နတ်မောက် မြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေး၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ကျောက်ဆောက်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူ များက ကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြပြီး ရှင်းလင်းတင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းမိတ်ဖက် ဦးစီးဌာနများ၊ ကျေးရွာတောင်သူဦးကြီးများ အနေဖြင့် စီမံကိန်းလုပ်ငန်းများ ပိုမိုအောင်မြင်စေရေး အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်စေလိုကြောင်းနှင့် အခြားလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

အဆိုပါ ကျောက်ဆောက်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် နှစ်မိုင် လေးဖာလုံ ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ နှစ်ပေထု၊ မြေနီကျောက်စရစ်ကိုးလက်မထု ခင်းခြင်း၊ အရှည် ၂၀၀ ပေ၊ အကျယ် ၁၈ ပေရှိ ရေကျော် တစ်စင်းတည်ဆောက်ခြင်းနှင့် နှစ်ပေအကျယ် အရှည် ၂၀ ပေရှိ ရေပြွန်သုံးစင်းတည်ဆောက်ခြင်း လုပ်ငန်းတို့ကို အနောက်ပိုင်း ဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း(WSAP) ခွင့်ပြုရန်ပုံငွေကျပ် ၁၃၀ ဒသမ ၇၆ သန်း ဖြင့် တင်ဒါ အောင်မြင်သည့် Well-Set ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ကျောက်ဆောက်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးပါက ကျေးရွာရှိ အိမ်ခြေ(၅၈၃)၊ လူဦးရေ (၂၈၅၂)ဦး တို့၏ စိုက်ပျိုးမြေဧက ၁၅၀၀ ကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ စိုက်ပျိုးဧကများမှ ထွက်ရှိသော လယ်ယာထုတ်ကုန်၊ ထွက်ကုန်တွေကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင် နိုင်မှာ ဖြစ်ကြောင်း သိရသည်။