Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရေစကြိုမြို့နယ်၊ မြေဖြူကျေးရွာ၌ Cash for Work စီမံကိန်းဖြင့် မြေသားရေကန် ပြုပြင် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

26 July 20

ရေစကြိုမြို့နယ်၊ မြေဖြူကျေးရွာ၌ Cash for Work စီမံကိန်းဖြင့် မြေသားရေကန် ပြုပြင် တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ရေစကြို ဇူလိုင် ၂၆

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ မြေဖြူကျေးရွာ၌ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် မြေသားမိုးရေလှောင်ကန် ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်နှင့် ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူများက ကျေးရွာကော်မတီ ဝင်များနှင့်အတူ မြေဖြူကျေးရွာ၌ Cash for Work စီမံကိန်းထောက်ပံရန်ပုံငွေဖြင့် မြေသားမိုးရေလှောင်ကန်ပြုပြင် တူးဖော်ခြင်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ ကျေးရွာသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

အဆိုပါ မြေဖြူကျေးရွာ မြေသားမိုးရေလှောင်ကန် အလျား ၂၁၃ ပေ၊ အနံ ၇၀ ပေ၊ အနက်လေးပေ ပြုပြင်တူးဖော်ခြင်း လုပ်ငန်းကို Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးပေး၍ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ကာ COVID-19 ကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက် ဆုံးရှုံးမှုများအား လျော့နည်းသက်သာ စေရေးနှင့် ဒေသခံပြည်သူများ ဝင်ငွေရရှိစေရေး လုပ်အားခချက်ချင်း ပေးချေသည့် စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ မြေသားရေကန်ပြုပြင်တူးဖော်ပြီးစီပါက ကျေးရွာရှိ အိမ်ခြေ(၂၉၃)၊ လူဦးရေ (၁၄၆၃)ဦးတို့အတွက် နွေရာသီကာလသောက်သုံးရေ ဖူလုံစွာရရှိနိုင်မှာဖြစ်ကြောင်းသိရသည်။