Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မကွေးမြို့နယ်၊ လိပ်ကန်ကျေးရွာ၌ ရေသန့်စင်စက်ရုံတည်ဆောက် ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

26 July 20

မကွေးမြို့နယ်၊ လိပ်ကန်ကျေးရွာ၌ ရေသန့်စင်စက်ရုံတည်ဆောက် ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ညောင်ကန်ကျေးရွာအုပ်စု၊ လိပ်ကန်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ပေါင်းစု လုပ်အားအကူညီပေးရေးအဖွဲ့(NAG)နှင့် 1001FOUNTAINES တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ရေသန့်စင်စက်ရုံ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူများက ကျေးရွာရေကော်မတီဝင်များနှင့်အတူ လိပ်ကန်ကျေးရွာ ရေသန့်စင်စက်ရုံ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်မှာကြားပါသည်။

အဆိုပါ လိပ်ကန်ကျေးရွာ ရေသန့်စင်စက်ရုံတည်ဆောက်ခြင်း လုပ်ငန်းကို ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့(NAG)၊ 1001FOUNTAINES တို့မှ ရန်ပုံငွေကျပ်သိန်း ၆၀၀ ကျော်ခန့် အကုန်ကျခံကာ Pilot Project အဖြစ် စတင်အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး အဆိုပါ ရေသန့်များကို လိပ်ကန်ကျေးရွာနှင့် ခြောက်မိုင်ဧရိယာအတွင်းရှိ ညောင်ကန်ကျေးရွာ၊ ရွာသစ်ကြီးကျေးရွာ၊ ပုဂံမျှော်ကျေးရွာ၊ ကြာကန်ကျေးရွာများကို ၂၀လီတာရှိ ရေသန့်ဘူးတစ်ဘူးကို ၄၀၀ ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် ရောင်းချပေးလျက် ရှိကြောင်း ဖြစ်ကြောင်း၊ ရေသန့်ဝယ်ယူသောက်သုံးသည့် ကျေးရွာများရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများကို ရေသန့်များ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရသည်။

အလားတူ ရေသန့်စင်စက်ရုံစီမံကိန်းကို မကွေးမြို့နယ်အတွင်း လိပ်ကန်ကျေးရွာအပါအဝင် ကံသာကြီးကျေးရွာ၊ လင့်မြင့်ကျေးရွာ၊ ကန်ရွာလေးကျေးရွာ စသည့် ကျေးရွာလေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မကွေးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးထံမှ သိရသည်။
