Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးနှင့် ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

27 July 20

ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများသည်  ပျဉ်းမနားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးနှင့် ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
ကျေးလက်လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများသည် ယနေ့နေ့လည်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးနှင့် ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်က ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ညွှန်ကြာရေးမှူးချုပ်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများတွင် ဇူလိုင်လကုန်အပြီး ကော်မတီများစနစ်တကျဖွဲ့စည်းခြင်း၊ သင်တန်းပေးခြင်းနှင့် စီမံကိန်း လုပ်ငန်းများအား နည်းလည်သဘောပေါက်အောင် ချပြရှင်းလင်း ဆောင်ရွက်ထားရှိရန်နှင့် ဩဂုတ်လ လဆန်းပိုင်းတွင် ငွေထုတ်ချေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။