Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

2020 Extraordinary ASEAN-China Social Development and Poverty Eradication Forum ကျင်းပ

30 July 20

2020 Extraordinary ASEAN-China Social Development and Poverty Eradication Forum ကျင်းပ
 
နေပြည်တော် ဇူလိုင် ၂၉
 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာဆင်းရဲမှု လျော့ချရေးဗဟိုဌာန (IPRCC) က ဦးဆောင်ကျင်းပသည့် the 2020 Extraordinary ASEAN-China Social Development and Poverty Eradication Forum ကို ယနေ့ နံနက် ၈ နာရီ မိနစ် ၃၀ အချိန်က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာ (SOMRDPE) အလှည့်ကျ ဥက္ကဌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် တက်ရောက်ဆွေးနွေး ခဲ့ကြောင်းသိရသည်။
 
အခမ်းအနားတွင် Leading Group Office of Poverty Alleviation and Development (LGOP) မှ Director General Ms.Su Guoxia နှင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်  H.E. Kung Phoak တို့က အဖွင့်အမှာစကား ပြောကြားပါသည်။
 
ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနိုင်များမှ အဆင့်မြင့်အရာရှိကြီးများက COVID-19 ကာလအတွင်း နိုင်ငံအလိုက် တုံ့ပြန်ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေး ပြောကြားကြပါသည်။
 
ဆက်လက်၍ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ (SOMRDPE) အလှည့်ကျ ဥက္ကဌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က မြန်မာနိုင်ငံအနေဖြင့် COVID-19 တုံ့ပြန် ဆောင်ရွက်မှုအခြေအနေများနှင့် ဆင်းရဲမှုလျော့ချရေးအတွေ့အကြုံများနှင့် COVID-19 Economic Relief Plan (CERP) ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ဖလှယ်ဆွေးနွေးပြီး SOMRDPE Myanmar အနေဖြင့် COVID-19 ကာလအတွင်း Cash for Work Program နှင့် Village Revolving Fund Program များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ Program များဆောင်ရွက်ခြင်းဖြင့် COVID-19 ကြောင့် ထိခိုက်နစ်နာသူများအား အကျိုးခံစားရစေမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပါသည်။
 
ထို့နောက် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် China- ASEAN Center ၊ UNDP ၊ UNICEF ၊ FAO ၊ IFAD ၊ WFP ၊ World Bank နှင့် Asian Development Bank(ADB) မှ ကိုယ်စားလှယ်များက 2020 Extraordinary ASEAN-China Social Development and Poverty Eradication Forum ကို ဝင်ရောက်ဆွေးနွေးပြောကြားပြီး ကမ္ဘောဒီးယားနိုင်ငံ Ministry of Rural Development မှ Secretary of State  H.E Chivoan SAO နှင့် တရုတ်နိုင်ငံ International Poverty Reduction Center in China (IPRCC)မှ Deputy Director General Dr. TAN Weiping တို့က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
 
အဆိုပါ 2020 Extraordinary ASEAN-China Social Development and Poverty Eradication Forum ကို အာဆီယံ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ LGOP ၊ IPRRC နှင့် the Mission of P.R China to ASEAN မှ တာဝန်ရှိသူများ၊  အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ နိုင်ငံတကာအဖွဲ့စည်းများဖြစ်သည့် UNDP ၊ UNICEF ၊ WHO ၊ FAO ၊ IFAD ၊ WFP ၊ World Bank ၊ ADB နှင့် ASEAN-China Center မှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၅ ဦးခန့် တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။