Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒီးဒုတ်ကွင်းကျေးရွာအုပ်စု၊ ဒီးဒုတ်ကွင်းကျေးရွာ ကျေးရွာတွင်းမြေနီ ကျောက်စရစ်လမ်းခင်းခြင်းနှင့် မီးကြိုးမီးတိုင်သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို တိုင်းဒေသကြီး စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

31 July 20

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒီးဒုတ်ကွင်းကျေးရွာအုပ်စု၊ ဒီးဒုတ်ကွင်းကျေးရွာ ကျေးရွာတွင်းမြေနီ ကျောက်စရစ်လမ်းခင်းခြင်းနှင့် မီးကြိုးမီးတိုင်သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို တိုင်းဒေသကြီး စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
ပေါက် ဇူလိုင် ၃၀
 
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒီးဒုတ်ကွင်းကျေးရွာအုပ်စု၊ ဒီးဒုတ်ကွင်းကျေးရွာ ကျေးရွာတွင်းမြေနီ ကျောက်စရစ်လမ်းခင်းခြင်းနှင့် မီးကြိုးမီးတိုင်သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို တိုင်းဒေသကြီး စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး နှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီ အချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးစိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးသန်းထိုက်ဇော်၊ ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်နှင့် တာဝန်ရှိသူများက လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒီးဒုတ်ကွင်းကျေးရွာ ကျေးရွာတွင်းမြေနီ ကျောက်စရစ်လမ်းခင်းခြင်း နှင့် မီးကြိုးမီးတိုင်သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်စွက် မှာကြားပါသည်။
 
အဆိုပါကျေးရွာ မြေနီကျောက်စရစ်လမ်း အရှည် ၃၃၀ ပေ၊ အကျယ် ၁၆ ပေ ၊ အမြင့် ၂ ပေထု မြေနီကျောက်စရစ်ခင်းခြင်းနှင့် မီးကြိုး(၁၉၅၄၀)ပေ၊ မီးတိုင်(၇၂)တိုင် သွယ်ခြင်းလုပ်ငန်းခြင်းလုပ်ငန်းများကို   လူထုဗဟိုပြုစီမံကိန်းမှ စတုတ္ထနှစ်စက်ဝန်း ထောက်ပံ့ရန်ပုံငွေကျပ် ၃၅၈ ဒသမ ၉၉၇ သိန်း၊ ကျေးရွာနေပြည်သူများ၏ လုပ်အားထည့်ဝင်မှုဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှု တို့ဖြင့် ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
 
ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာအားလုံး၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်းဖြင့် လမ်းတံတားပြုပြင်ခြင်းလုပ်ငန်း ၈၉ ခု၊  စာသင်ကျောင်းပြုပြင်တည်ဆောက်ခြင်း လုပ်ငန်း(၆၃)ခု၊ ကျေးလက် မီးလင်းရေးလုပ်ငန်း(၈၂)ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်းကိုးခု၊ ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်း လုပ်ငန်း(၁၃)ခု၊ ရေကာနံရံနှင့် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း လေးခု စုစုပေါင်းလုပ်ငန်း(၂၇၃)ခုကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၃၂၈၅၀ ဒသမ ၉၂ သန်း ပြည်သူထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။