Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လှည်းကူးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

31 July 20

လှည်းကူးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
လှည်းကူး ဇူလိုင် ၃၁
 
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း ဝါးရုံစွန်းကျေးရွာ၌ Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် လမ်းဘေး ဝဲ/ယာ ရေနုတ်မြောင်း တူးဖော်ခြင်းနှင့် သရက်ပြင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းနှင့် ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူများက ကျေးရွာကော်မတီ ဝင်များနှင့်အတူ ဝါးရုံစွန်းကျေးရွာ၌ Cash for Work စီမံကိန်း ထောက်ပံရန်ပုံငွေဖြင့် လမ်းဘေး ဝဲ/ယာ ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် သရက်ပြင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ကျေးရွာသူကျေးရွာသားများ ရင်းရင်းနှီးနှီးတွေ့ဆုံကာ မိမိကျေးရွာဖွံ့ဖြိုးရေးအတွက် မိမိတို့ကိုယ်တိုင် တန်ဖိုးထား ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် စာရင်းစစ် စစ်ဆေးခံနိုင်ရေး စနစ်တကျ ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားပါသည်။
 
အဆိုပါ ဝါးရုံစွန်းကျေးရွာ ရေထုတ်မြောင်း အလျား ၁၃၁၅၀ ပေ၊ အကျယ် နှစ်ပေ၊ အနက် နှစ်ပေ ခြောက်လက်မ တူးဖော်ခြင်းလုပ်ငန်းကို Covid-19 Economic Relief Plan (CERP)အရ ဆောင်ရွက်နေသော Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် လည်းကောင်း သရက်ပြင်ကျေးရွာ ကျေးရွာတွင်းလမ်း အရှည် ၆၅၀ ပေ၊ အကျယ် ရှစ်ပေ အမြင့် ခြောက်လက်မထုကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့်လည်းကောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုး၍ အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
 
ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လှည်းကူးမြို့နယ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ Cash for Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း(VRFP) အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးမေးမြန်းရာ ဝန်ထမ်းများ၏ တင်ပြချက် များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းအိမ်ရာဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။