Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

"End Poverty Day 2020" အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ဘဏ်မှ ဦး​ဆောင်၍ Virtual debate event ကျင်းပ

15 October 20

"End Poverty Day 2020" အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ဘဏ်မှ ဦး​ဆောင်၍ Virtual debate event ကျင်းပ
အောက်တိုဘာ(၁၇)ရက်​နေ့တွင် ကျ​ရောက်မည့် "End Poverty Day 2020" အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ဘဏ်မှ ဦး​ဆောင်၍ Virtual debate event ကို (၁၅.၁၀.၂၀၂၀)ရက်​နေ့၊နံနက်(၁၀း၃၀)နာရီအချိန်တွင် World Bank ၏ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ညွှန်ကြား​ရေးမှူးချုပ် ဦးခန့်​ဇော်က Panelist အဖြစ် ပါဝင်​ဆွေး​နွေးခဲ့ပါသည်။အဆိုပါ အခမ်းအနားကို ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ဖွံ့ဖြိုး​ရေးမိတ်ဖက် အဖွဲ့အစည်းများ၊အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ INGO နှင့် ပုဂ္ဂလိကဏ္ဏမှ ကိုယ်စားလှယ်များ၊ကျွမ်းကျင်ပညာရှင်များ၊​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား​ရေးမှူးချုပ်များ၊ညွှန်ကြား​ရေးမှူးများနှင့်တိုင်း​ဒေသကြီး/ပြည်နယ်ဦးစီးမှူးများ ပါဝင်​ဆွေး​နွေးခဲ့ကြ​ကြောင်း သတင်းရရှိသည်။