Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကုမ္ပဏီများ၏ နည်းပညာအဆိုပြုလွှာများဖွင့်ဖေါက်ခြင်း အခမ်းအနား

03 December 20

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးရုံးများ၊ ဦးစီးဌာနများနှင့် တက္ကသိုလ်တို့မှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် လိုအပ်သော Scanner,Fax Machine နှင့် Air-Con များအတွက် အဆိုပြုလွှာတင်သွင်းသည့် ကုမ္ပဏီများ၏ နည်းပညာအဆိုပြုလွှာများဖွင့်ဖေါက်ခြင်း အခမ်းအနားကို (၂-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရုံးအမှတ်(၃၆)ကျေးလက်ဒေသဖွံ့ဖိုးတိုးတက်ရေးဦးစီးဌာန၌ Video Conferencing ဖြင့်ကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်သက်ဆိုင်ရာ ဌာနကိုယ်စားလှယ်များကမိတ်ဆက်ပြီး တင်ဒါလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်အား ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က ရှင်းလင်းဆွေးနွေးသည်။ဆက်လက်၍ တင်ဒါတင်သွင်းသူကုမ္ပဏီများ၏ နည်းပညာအဆိုပြုလွှာများအား ဖွင့်ဖောက်၍ ပါဝင်ရမည့် အချက်များ ပါဝင်မှုရှိ/မရှိ (Check List)စစ်ဆေးခဲ့ကြောင်းသိရသည်။