Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းမှု အလုပ်ရုံဆွေးနွေးပွဲ

03 December 20

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းမှု အလုပ်ရုံဆွေးနွေးပွဲကို (၃-၁၂-၂၀၂၀)ရင်နေ့၊ (၀၉:၃၀)နာရီအချိန်တွင် Video Conferencing ဖြင့် ရုံးအမှတ်(၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ရာ ကချင်းပြည်နယ်အစိုးရအဖွဲ့ စိုက်/မွေး/ဆည် ဝန်ကြီး ဦးကျော်ကျော်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လူထုဗဟိုပြုစီမံကိန်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဒါရိုက်တာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက စီမံကိန်းမိတ်ဆက်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ် ဦးစိုင်းရာဇာထွန်းက အမှာစကားပြောကြားပြီး စီမံကိန်းအကြောင်းဗွီဒီယိုဖြင့် ပြသရှင်းလင်းကာ တက်ရောက်လာကြသူများမှ သိရှိလိုသည်များ မေးမြန်းချက်များကို စီမံကိန်း တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းပေးခဲ့ကြောင်းသိရသည်။