Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းဆိုင်ရာတန်ဖိုး ကွင်းဆက်စီမံကိန်း Technical,M&E, Environmental & Social Safeguard သင်တန်း

03 December 20

ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းဆိုင်ရာတန်ဖိုး ကွင်းဆက်စီမံကိန်း Technical,M&E, Environmental & Social Safeguard သင်တန်း 
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းဆိုင်ရာတန်ဖိုး ကွင်းဆက်စီမံကိန်း မှ ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်နိုင်ရေးအတွက် Technical,M&E, Environmental & Social Safeguard သင်တန်း ကို (၃-၁၂-၂၀၂၀)ရင်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် Video Conferencing ဖြင့် ရုံးအမှတ်(၃၆) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားသည်။ထို့နောက် Project Implementation Consultant အဖွဲ့က Road Supervison Engineer ဦးဇော်ထွန်းက Technical Supervison and Work Site Safety အား ဆွေးနွေးပို့ချသည်။ဆက်လက်၍ Project Implementation Consultantအဖွဲ့က Independent Consultant & Researcher ဦးကျင်ခန့်အဲဒိုပေါင်က Introduction to M&E for Farm Access Road(CFAVC) အား ဆွေးနွေးပို့ချခဲ့ပြီး၊ တက်ရောက်လာကြသော သင်တန်းသူ/သားများက သိရှိလိုသည်များ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။